Skip to main content

Mar 18, 2026

၂၀၂၆ ခုနှစ် မတ် ၁၇ ရက်တွင် ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်း အမှတ်အခမ်းအနားများကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အပိုင်းသုံးပိုင်းခွဲ၍ စည်ကားသိုက်မြိုက်စွာကျင်းပရာ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို နံနက် ၆ နာရီ တွင်လည်းကောင်း၊ ထူးချွန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ဂုဏ်ပြုညစာစားပွဲနှင့် အကပြိုင်ပွဲများကို ညနေ ၆ နာရီတွင်လည်းကောင်း ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2026

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအား အမြင်ကျယ်ကျယ်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ထမ်းရွက်နိုင်ရန် လွှတ်တော်များတွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင် ဥပဒေများရေးဆွဲကြသည့်အခါ ချဉ်းကပ်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ထိရောက်သည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက် သင့်သည့်အချက်အလက်များ၊ နိုင်ငံတကာတွင်ကျင့်သုံးနေသည့် အချက်အလက် များကိုသိရှိနိုင်ရန်၊ အစိုးရသစ်လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်များဖြင့် လွှတ်တော်လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2026

​​​​​​​မတ်လ ဒုတိယပတ် ကုန်လွန်ပြီးသည့်နောက်တွင် နေ့အပူချိန်များ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီဖြစ်သည်။ လာမည့်ဧပြီလနှင့် မေလတို့တွင် အပူချိန်သည် ဆက်လက်၍ မြင့်တက်နေမည်ဖြစ်ရာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရန်လိုသည်။ ရာသီဥတု ပူပြင်းမှုက ချွေးထွက်လွန်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များကို ပိုမိုဆုံးရှုံးစေသည်။ အပူကြောင့် လေဖြတ်ခြင်း၊ အပူကြောင့် သွေးလန့်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း စသည်တို့ကို ခံစားရစေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာပါက အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းတို့ကို ခံစားရစေနိုင်ကာ ထို့ထက်ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့် သတိလစ် သည်အထိ ဖြစ်ပွားနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ပြဋ္ဌာန်း

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု ဆဋ္ဌမနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စက်မှုအတတ်ပညာတွင် (လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်းဘာသာရပ်၊ စက်မှုလုပ်ငန်းသုံးလျှပ်စစ် မော်တာထိန်းချုပ်မှုဘာသာရပ်၊ စက်ခုတ်စားမှုနည်းပညာဘာသာရပ်)၊ စိုက်ပျိုးရေးအတတ်ပညာတွင် (လူမှုရေးသိပ္ပံဘာသာရပ်)နှင့် မွေးမြူရေးအတတ်ပညာတွင် (စားမြုံ့ပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေးဘာသာရပ်)များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

အိန္ဒိယနိုင်ငံ၊ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ National Investigation Agency (NIA) သည် အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုစွပ်စွဲချက်ဖြင့် နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွား ရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်များတွင် စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ ပထမနေ့ တက္ကသိုလ်စာမေးပွဲ စိတ်အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

အမျိုးသမီးတစ်ဦးအား တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းတင်စာမေးပွဲများကို ယနေ့စတင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲ

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Combating the Financing of Terrorism-AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

​တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များ အားလုံးကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာရရှိကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝလျက် ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ပေါ် အာဏာလွှဲဖို့လုပ်နေချိန်မှာ ဘာလုပ်ရမှန်းမသိ ကြောင်ပျောက်နေတဲ့ NUG၊ PDF” ခေါင်းစဉ်ဖြင့် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

တပ်မတော်၏ အဓိကတာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်သော်လည်း နိုင်ငံတွင်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာအခြေအနေများအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ဝင်ရောက်ထိန်းသိမ်းနေရခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်ကောင်းရာကောင်းကျိုးကို အစဉ်အဆက်လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် (Standard Army) ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2026

မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများကိုလေ့လာပါက သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်အဟုန်နှင့် ရရှိလာကြသည်ကို တွေ့ရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်အရင်း အမြစ်များအဖြစ် ငွေကြေးအရင်းအနှီး (capital)၊ လူတို့၏လုပ်အား (labour) နှင့် မြေ သို့မဟုတ် သဘာဝသယံဇာတများ (land) တို့သာမက အတတ်ပညာနည်းပညာ (technology) သည်လည်း အရေးပါသည်။ စီးပွားရေးသမိုင်းအမြင်အရ ခေတ်သစ်နှင့် ခေတ်သစ်မတိုင်မီကာလကို ပိုင်းခြားထားသည့် အဓိကအခြင်းအရာမှာ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကြီးပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2026

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်မှစတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု ပဉ္စမနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ စက်မှုအတတ်ပညာ (မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံကာကွယ်ရေး) နှင့် မွေးမြူရေးအတတ်ပညာ (ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်