Apr 05, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ တရုတ်-မြန်မာစီးပွားပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း (CMECDPA) ၊ မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဖွဲ့ (MPPAA) ၊ မြန်မာနိုင်ငံဆိုင်ရာ ဟူနန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ စီချွမ်နှင့်ချုံချင့် ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကျန်းစုကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာရှန်ဒုန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာကျန်းရှီးကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဖုကျန့်ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကွမ်းတုန်းကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ(တရုတ်) ယူနန် ကုန်သည်ကြီးများအသင်းတို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
Apr 05, 2026
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်သည်။
Apr 05, 2026
Myanmar’s Future Lifestyle & Travel Expo 2026 ကို ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ဧပြီ ၃ ရက်မှ ၆ ရက်အထိ လေးရက်တိုင်ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများနှင့် STP Event Management တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး ကွန်ရက်တည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း STP Event Management မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင်ထံမှ သိရသည်။
Apr 05, 2026
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ရပ်နားထားခဲ့ရာမှ ဧပြီ ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
Apr 05, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 05, 2026
မြန်မာတစ်မျိုးသားလုံး အလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာအစဉ်အလာများ နှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရ ကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။
Apr 05, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည် အပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi(FFG-457)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။
Apr 05, 2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 05, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် အရိယဝံသမြို့ဦးကျောင်းတိုက်ရှိ သံဃာတော်များအား အဆိုပါကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Apr 05, 2026
- အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
Apr 05, 2026
၁။ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteoro-logical Center - ASMC) မှ ထုတ်ပြန်ချက်များအရ-
Apr 05, 2026
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးကောလိပ် (JudicialCollege)၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။
Apr 05, 2026
ယခုနှစ်ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲ တစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်၊ အနှစ်သာရရှိသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Apr 05, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စစ် ရိုဆာရီယို မူရီလိုတို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လာပါသည်။
Apr 05, 2026
နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ဖြန့်ဖြူးရောင်းချသည့်စနစ်ကို မတ်လ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏကို သတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ပိုမိုကောင်းမွန်သော အကျိုးရလဒ်များရရှိခဲ့သလို အခက်အခဲအကျပ်အတည်းများနှင့် မသမာမှုများလည်းရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Apr 05, 2026
မြန်မာနိုင်ငံတွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ သန်းကျော်နှင့် သီးနှံစိုက်ဧက စုစုပေါင်း ၁၈ သန်းခန့်ရှိသည်။ မိုးစပါး၊ နွေစပါး၊ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံစသည်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးနေကြခြင်းဖြစ်သည်။ ကောက်ပဲသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြရာတွင် အထွက်ကောင်းရေး၊ ရောင်းပန်းလှရေးစသည်တို့အတွက် ဓာတ်မြေသြဇာများကို သုံးစွဲလာကြရာ ဝယ်ယူရလွယ်ကူခြင်း၊ သုံးစွဲရလွယ်ကူခြင်း၊ အပင်များနှင့် အပွင့်အသီးများကြီးထွားမှုကို အချိန်တိုအတွင်း တွေ့မြင်ရခြင်းစသည့် အားသာချက်များကြောင့် မိရိုးဖလာသုံးစွဲခဲ့ကြသည့် သဘာဝမြေသြဇာများထက် ပိုမိုသုံးစွဲ လာကြသည်။
Apr 04, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KIA ၊ KPDF နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၈ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
Apr 04, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
Apr 04, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထာ တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
Apr 04, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် မျိုးဆက်သစ်ဝံသာနုပါတီ၊ မြန်မာနိုင်ငံဟုတ်ကြန့်တရုတ်မျိုးနွယ်အသင်းချုပ်၊ မြန်မာပြည်ဖွားတရုတ်ကုသိုလ်ဖြစ်အသင်း၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာဝိန်းကျိုး ကုန်သည်ကြီးများအသင်းချုပ် Myanmar Wenzhou General Chamber of Commerce၊ မြန်မာနိုင်ငံဆိုင်ရာ အန့်ဟွေးကုန်သည်ကြီးများအသင်း၊ ရန်ကုန်ယူနန်လူမှုကူညီရေးအသင်း၊ ကောင်းတုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း၊ မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအသင်းချုပ်(MIIBF)၊
