Apr 04, 2026
ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ပြည်သူများမှ တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို Call Center မှ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြားဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲ ကျင်းပ
Apr 04, 2026
အရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။
Apr 04, 2026
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 04, 2026
တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်သားမိသားစုဝင်သားသမီးများ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကိုတန်ဖိုးထားတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာသည့် သားကောင်း/ သမီးကောင်းများ အဖြစ်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ဘာသာသာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများဖြစ်ရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများကို ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်တွေတပ်နယ်ခန်းမ၌လည်းကောင်း ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Apr 04, 2026
ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
Apr 04, 2026
ဒေါ်နန်းနီနီအေး အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟန်ကျန့် ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 04, 2026
ဦးညိုစော အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဟန်ကျန့် ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 04, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တာရာ့နီကော့ဗ် အန်ဒရေ အလက်ဇန်ဒရိုဗစ်ချ်ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Apr 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
Apr 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
Apr 04, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Apr 04, 2026
“တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်” ဆိုသော ဆယ့်နှစ်လရာသီသဘာဝကို ညွှန်းဆိုသည့် မြန်မာ့ဆိုရိုးစကားအရ နွေအပူကို သိသိသာသာခံစားနေကြရပြီဖြစ်သည်။ ဧပြီ-မေ-ဇွန်လ နွေရာသီကာလ အလွန်ပူပြင်းသည့် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းကြုံတွေ့ကြရသည့် နွေအပူသည် ယခုနှစ်တွင် ယခင်နှစ်များကထက် ပိုမိုပူပြင်းသည်ဟု ခံစားကြရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ အပူချိန်တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်မှာ အမှန်ဖြစ်သည်။
Apr 04, 2026
နိုင်ငံတစ်ဝန်း တည်ဆောက်ဖောက်လုပ်ထားသည့် လမ်းမကြီးများမှာ အများပြည်သူကူးသန်းဆက်သွယ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အသက်သွေးကြောများသဖွယ်ပင်ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံတွင် အမြန်လမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီးများ၊ အဓိကလမ်းမကြီးများ၊ လမ်းခွဲငယ်များ၊ အာရှ/အာဆီယံ လမ်းမကြီးများဟူ၍ အမျိုးအစားများခွဲ၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ နယ်စပ်ဒေသများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများ စသည်တို့ကို ချိတ်ဆက်ထားသည်။ အဆိုပါလမ်းမကြီးများနှင့် လမ်းကြီးလမ်းငယ်တို့မှာ နိုင်ငံတစ်ဝန်း အေးချမ်းတည်ငြိမ်သည့် ကာလများတွင် အများပြည်သူတို့ နေ့ရောညပါ ဥဒဟိုသွားလာနိုင်ခဲ့ကြရာ လမ်းတစ်လျှောက် မြို့ရွာဒေသများ စည်စည်ကားကားနှင့် စီးပွားလည်းကောင်းမွန်ခဲ့ကြသည်။
Apr 04, 2026
၂ဝ၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်တွင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်း ဖြစ်သူနှင့်အတူ ဆိုင်ရှိရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန် မော်တော်ယာဉ်အားစောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
Apr 03, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီ၊ မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (Federation of MLCA)၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံဖြိုး တိုးတက်ရေးအသင်း (MICA)၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ (MCBFEA)၊ လူမျိုးပေါင်းစုံညီညွတ်ရေးနှင့်အကျိုးဆောင်အဖွဲ့ (IUCO)၊ ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့၊ မြန်မာ-တရုတ် အမျိုးသမီးများအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟေးလုံကျန်း ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေးအသင်း၊ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
Apr 03, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 03, 2026
ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း
Apr 03, 2026
ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း
Apr 03, 2026
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်း
