Apr 03, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊
Apr 03, 2026
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများစားရေရိက္ခာဖူလုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူအများစုသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသည်။ ပြည်သူများအတွက် စားရေရိက္ခာဖူလုံပိုလျှံရေး၊ တောင်သူလယ်သမားများအတွက် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးကို အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
Apr 03, 2026
ခရမ်းလွန်ရောင်ခြည် (Ultraviolet- UV) ဆိုသည်မှာ နေရောင်ခြည်မှလာသော၊ ခရမ်းရောင်အလင်းထက် လှိုင်းအလျားတိုပြီး စွမ်းအင်မြင့်မားသော ရောင်ခြည်တစ်မျိုးဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ကို လူတို့ကမမြင်နိုင်ကြသော်လည်း မိကျောင်းများ၊ ငှက်ငယ်များနှင့် တိရစ္ဆာန်အများစုတို့က မြင်နိုင်ကြသည်ဟုလည်း ဆိုသည်။
Apr 02, 2026
ကရင်ပြည်နယ်၏ ဆက်သွယ်ရေးလမ်းမကြီး၊ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင် ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးသည်။
Apr 02, 2026
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Apr 02, 2026
ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေး စင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
Apr 02, 2026
ငါး၊ ပုစွန်သားပေါက်ပွားသည့်ရာသီချိန်၌ ငါးနှင့်သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ ၁ ရက် မှ စတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနက ငါးမဖမ်းရကာလ သုံးလ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်း ရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။
Apr 02, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 02, 2026
၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) တွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင်လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
Apr 02, 2026
အမျိုးသမီးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူဆောင်ရွက်သူက လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
Apr 02, 2026
၁။ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ၊ ATOM ၊ U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်ပါ သည်။
Apr 02, 2026
၁။ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
Apr 02, 2026
၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
Apr 02, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအားအဆင့် မြှင့်တင်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
Apr 02, 2026
၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၏ အမြင့်ဆုံးအပူချိန်သည် ၄၃ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့သည့်အတွက် ကမ္ဘာ့အပူဆုံးမြို့ များစာရင်းတွင် အဆင့်(၁) ဝင်ရောက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်ခက်ခဲသဖြင့် အပူဒဏ်တိမ်းရှောင်ရန်လိုအပ်သူများ အပူရှောင်စခန်း၌ လာရောက်နားခိုနိုင်ရေး အပူရှောင်စခန်းဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
Apr 02, 2026
မျက်မှောက်ကာလ၌ မြန်မာနိုင်ငံသည် ပြည်သူများ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံအဖြစ် လျှောက်လှမ်းနေသည့် အချိန်အခါဖြစ်သည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ်လိုအပ်ပါသည်။
Apr 02, 2026
အရှေ့အလယ်ပိုင်းဒေသပဋိပက္ခ၏ အကျိုးဆက်ဖြစ်သော စက်သုံးဆီရှားပါးမှုပြဿနာက ကမ္ဘာအရပ်ရပ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လျက်ရှိရာ မိမိတို့နိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ အဆိုပါ အခက်အခဲကိုကျော်လွှားနိုင်ရေးအတွက် စက်သုံးဆီသုံးစွဲမှုလျှော့ချရေးအစီအစဉ်များ ဆောင်ရွက်နေသော်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းက တစ်ဖက်တွင် ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှုဖြစ်ပေါ်ပြီး ကုန်စျေးနှုန်းများ မြင့်တက်လာနိုင်သည်။
Apr 01, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
Apr 01, 2026
စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Apr 01, 2026
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (E) နောက်ဆုံးပွဲအဖြစ် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ မတ် ၃၁ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့ရှိ ဂျန်နင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
