Jan 04, 2021
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးတို့ဖြင့် အေးအတူပူအမျှ၊ သုခ ဒုက္ခမှန်သမျှကို မျှဝေခံစားရင်း တစ်ခုတည်းသော အမိုးအကာ အောက်၌ အတူတကွ မှီတင်းနေထိုင်ရာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအား နယ်ချဲ့ကျူးကျော်သူမှန်သမျှကို သွေးစည်းညီညွတ်ခြင်း အခြေခံ၍ ခေတ်အဆက်ဆက် ခုခံတိုက်ခိုက်ခဲ့သည်မှာ အထင်အရှားရှိခဲ့သည်။ ၁၉ ရာစုနှစ်တွင် ဗြိတိသျှနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့သည်။ မြန်မာတိုင်းရင်းသားပေါင်းစုံတို့သည် သူ့ကျွန် မခံဇာတိမာန်ဖြင့် တွန်းလှန်ဆန့်ကျင်ကာ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ၁၉၄၈ - ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပေသည်။
Jan 04, 2021
ဝက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ဝက်များ အားလုံးတွင် အတွေ့ရများသော ရောဂါတစ်မျိုးဖြစ်ပြီး အသက်ရှူလမ်းကြောင်းတွင် အဓိက ဖြစ်ပွားတတ်သည်။ ဝက်များတွင် ရောဂါကူးစက်ဝင်ရောက်ပါက ရုတ်တရက် ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ မှိုင်နေခြင်း၊ ချောင်း ဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် နှာရည်များကျနေခြင်း စသည်တို့ကို တွေ့ရသည်။
Jan 04, 2021
နှစ်သစ်အကူး နှစ်ဦးအစ ရက်တွေရောက်တိုင်း ပြည်သူတစ်ရပ်လုံးအတွက်ရော နိုင်ငံတော်အတွက်ပါ မင်္ဂလာရှိတဲ့ နေ့ထူး နေ့မြတ်က စောင့်ကြိုနေလျက်ရှိပါတယ်။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက်ပါ တန်ဖိုးဖြတ်လို့မရနိုင်တဲ့အပြင် ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဝင့်ဝင့်ထည်ထည်ရပ်တည်နိုင်ခဲ့တဲ့ လွတ်လပ်ရေးနေ့က ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကို ထွေးပွေ့လိုက်သလို တည်ရှိနေလို့ ဖြစ်ပါတယ်။ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ရင်းနှီးပြီး ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ရရှိခဲ့တာမို့ အခုဆိုရင် (၇၃)နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီ ၄ ရက်ရောက်တိုင်း ပြည်သူတွေရဲ့ နှလုံးအိမ်မှာ လွတ်လပ်ရေးနဲ့ဆက်စပ်တဲ့ အသိတရားတွေနဲ့အတူ လေးလေးစားစားတန်ဖိုးထားကာ စောင့်ထိန်းကြရမယ့်စိတ်ဓာတ်တွေ ကိန်းအောင်းနိုင်ကြစေဖို့ နှိုးဆော် တိုက်တွန်းခံရတဲ့ စိတ်ခံစားမှုတွေဖြစ်ပေါ်စေပါတယ်။
Jan 04, 2021
မူလတန်းကျောင်းသားဘဝ ဖတ်စာအုပ်ထဲက တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလ ဝါဆိုပွဲ၊ တော်သလင်းလ လှေပြိုင်ပွဲ၊ သီတင်းကျွတ် လ မီးထွန်းပွဲ၊ တန်ဆောင်မုန်းလ ကထိန်ပွဲနှင့် အမျိုးသား အောင်ပွဲ၊ ပြာသိုလ မြန်မာ့လွတ်လပ်ရေးအောင်ပွဲဟု အထပ်ထပ်ရွတ်ဆိုစွဲထင်ခဲ့ရသမို့၊ ပြာသိုလဆန်းသည်နှင့် မန္တလေး ကျုံးနံဘေးမှာ ဝှဲချီးကျင်းပသည့် လွတ်လပ်ရေးအောင်ပွဲနေ့အခမ်းအနားကို ငွေနှင်းမှုန် အသိပ်အသည်း အောက် တိုးဝှေ့ကျပ်ညှပ် ပျော်ရွှင်ခဲ့ရသည်များလည်း ယခုထိ သတိရနေမိသည်။ နိုင်ငံတကာသုံး ပြက္ခဒိန်မှ နှစ်ဆန်းဇန်နဝါရီသည် မြန်မာပြက္ခဒိန် ပြာသိုလနှင့်အများ ဆုံးတိုက်ဆိုင်သည်။ ထို့ကြောင့်လည်း နှင်းတွေထူထပ်စွာ ကျတတ်သည့် မန္တလေးဆောင်းကို လွတ်လပ်ရေးနေ့ အခမ်းအနားပွဲလမ်းများနှင့် တစ်ထပ်တည်းစွဲမှတ်နေမိ သည်။
Jan 03, 2021
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အများပြည်သူတို့၏ဘဝများ သာယာဝပြောလာစေရန်အတွက် နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်လျက်ရှိရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 03, 2021
ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (Rangoon Arts and Science University) (RASU - ရာဇူး) ဟု အမည်တွင် ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နှစ် ၁၀၀ ပြည့်ခဲ့ပါသည်။ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကိုမူ (MASU - ဇူး) ဟု ခေါ်ကြပါသည်။ ။
Jan 03, 2021
(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး
Jan 03, 2021
ရန်ကုန်တက္ကသိုလ်အကြောင်း ကျွန်တော်စတင်ကြား သိရသည်မှာ သတင်းစာများမှ ဖတ်ရှုရခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းနှင့်ပတ်သက်၍ ဖတ်ရှုသိရှိရခြင်း ဖြစ်သည်။ ထိုစဉ်က ကျွန်တော်မှာ ပြည် ရွှေဆံတော်စေတီတော်ခြေရင်းရှိသီရိမင်္ဂလာရုံစာသင်တိုက် တွင် ကိုရင်ဝတ်ဖြင့် စာပေသင်ယူနေစဉ်ဖြစ်၏။ ပထမ
Jan 02, 2021
“ဆရာ။ ဇာတကဝတ္ထုတွေကို ပျို့အပြင် တခြားစာပေအမျိုးအစားတွေနဲ့ ဖွဲ့တာရောရှိပါ သလား”
Jan 02, 2021
ကျွန်မရဲ့ “ရာပြည့်တက္ကသိုလ်သို့ နောက်ကျအလွမ်း” ကြေးမုံသတင်းစာ(၂၃-၁၂ - ၂၀၂၀ရက်) ထုတ် ဆောင်းပါး ဖတ်ပြီး ၈၇ နှစ် အမယ်အိုကို တကယ်လိုလိုလားလား မေတ္တာစကားပြောကြားတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒေါက်တာခင်သန်းဦး (မမိုးမြေ) ကဆို ခေါင်းစဉ်တောင်ပေးပြီး နောက်ဆက်တွဲရေးဖို့ပြောသလို စာချစ်သူ စာဖတ်သူ ခင်မြနွယ်ဆိုရင် သူ့ရဲ့ မဟာဝိဇ္ဇာကျမ်း ကြီးကြပ်သူ ဆရာ ဖိုးကျော်မြင့်ရဲ့ သွင်ပြင်၊ စိတ်ဓာတ် ခိုင်မာမှု၊ ကိုယ်ကျင့်သိက္ခာစတာလေးတွေပေါ်အောင် ရေးပေးပါလို့ ပြောလာပါတယ်။ တကယ်တော့ အရှိကို အရှိအတိုင်း ရေးချင်ပေမယ့် ကိုယ်ရည်သွေးရာ ရောက်မှာစိုးလို့ မရေးချင်ပါ။ “ဝိုင်းပြောသိလိမ့်” သဘောပဲထား ချင်ပါတယ်။ ခင်ပွန်းသည် ဦးဖိုးကျော်မြင့် (မြန်စာဂုဏ် ကျော်မြင့်)နဲ့ ကျွန်မတို့ နှစ်ယောက်က ဆရာ ဆရာမ ဘဝကို နှစ်နှစ်သက်သက် ရွေးချယ်ခဲ့ကြတာပါ။ အခုတော့ သူနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သစ္စာစကားနဲ့ဝေမျှချင်မှု၊ သူ့ရဲ့ လုံ့လ၊ ဝီရိယကြီးမားမှု၊ မျိုးဆက်သစ်တွေကို အကျိုးပြုစေချင်တဲ့ ရည်ရွယ်မှုနဲ့ ရေးတာဖြစ်ပါ တယ်။
