Apr 02, 2026
တစ်လောက ကျွန်တော်သတင်းထောက်ကြီးတစ်ယောက်ရဲ့ ဖိတ်ကြားစီစဉ်မှုအရ ရန်ကုန်- မန္တလေး အမြန်လမ်း ၁၁၅ မိုင်အနီး ပဲခူးရိုးမပေါ်ရှိ ဖြူးချောင်းရေလှောင်တမံသို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော် အကြိမ်ကြိမ်အခါခါသွားရောက်ခဲ့စဉ် အမြန်လမ်းမပေါ်ကနေ ဒီရေလှောင်တမံကို လှမ်းမြင်ရပေမယ့် လေ့လာခွင့်မကြုံခဲ့ပါ။ အခုတစ်ခါမှာတော့ ဖြူးချောင်းရေလှောင်တမံအကြောင်းသာမက နိုင်ငံတစ်ဝန်းကရေလှောင်တမံကြီးတွေရဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ပေးနေတာတွေ၊ စိုက်ပျိုးရေပေးဝေနေတာတွေကို အသေးစိတ်သိရှိလေ့လာခွင့်ရခဲ့ပါတယ်။
Apr 01, 2026
မတ်လ၏ ပူပြင်းသောနေရောင်အောက်တွင် အရှေ့၊ အနောက်၊ ဘေးဘယ်ညာ ခက်ဖြာသွယ်တန်းထား သောလမ်းမများထက် ပေါ့ပါးလျင်မြန်စွာ လှုပ်ရှားသွားလာနေသော သုံးဘီးယာဉ်ငယ်လေးများ။
Apr 01, 2026
ယနေ့အချိန်၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ၂၁ ရာစုအတွင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ သဘာဝဘေးနှင့်ကပ်ရောဂါများ၏ သက်ရောက်မှုကို အထိခိုက်ခံရဆုံးသောကဏ္ဍတစ်ခု ဖြစ်လာသည်ကို တွေ့ရှိရသည်။ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတစ်ခုဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားမှုမှသည် လက်ရှိအရှေ့အလယ်ပိုင်းဒေသတင်းမာမှုများအထိ အဖြစ်အပျက်များသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်သောအဆင့်မှတိုး၍ လက်တွေ့တိုက်ရိုက်သက်ရောက်မှုများအထိ ဖြစ်ပေါ်စေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
Mar 31, 2026
နိုင်ငံတော်နှင့် အစိုးရဌာနများအနေဖြင့် ပြည်သူများအတွက် မိုဘိုင်းလက်ကိုင်ဖုန်း/ မိုဘိုင်းဟန်းဆက်များ၏ IMEI များကို CEIR စနစ်တွင် ကြိုတင်မှတ်ပုံတင်နိုင်ရေးကာလတစ်ခု သတ်မှတ်ခွင့်ပြုထားပါသည်။
Mar 30, 2026
မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါတယ်။ မိမိတို့ နိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ကွန်ဗင်းရှင်းပါ ရည်ရွယ်ချက်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါရည်ရွယ်ချက်တွေကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အမြဲသုံးသပ်လျက်ရှိပြီး ပဉ္စမအကြိမ်ထိ ပြင်ဆင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။
Mar 30, 2026
ငွေနှင်းမှုန် ပဝါပါးလွှမ်းခြုံထားသော ရန်ကုန်မြို့ကြီးသည် တက်သစ်စနေခြည်နုကို မျှော်လင့်ရင်း မြို့သူမြို့သားများ၏ နှလုံးသားထဲ၌ တောက်ပသော အနာဂတ်အတွက် အားမာန်သစ်များကို ဖန်တီးပေးလျက်ရှိပါသည်။
Mar 29, 2026
လူအများသိနေကြတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုတွေဟာ မြန်မာနိုင်ငံက စတင်ခဲ့တာမဟုတ်ဘဲ နိုင်ငံခြားသား ဝိသမလောဘသားများက အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ နယ်စပ်တွေမှာအခြေချပြီး တရားမဝင်လုပ်ကိုင်နေတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေဖြစ်ပါတယ်။ အဲဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဦးဆောင်ကျူးလွန်နေသူတွေဟာ ပြည်ပနိုင်ငံသားတွေသာဖြစ်ပြီး အခြားနိုင်ငံသားများကို ပြစ်မှုကျူးလွန်ရန် အသုံးချရာမှတစ်ဆင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း တရားမဝင်မှောင်ခို ရောင်းဝယ်မှုစတဲ့ ရာဇဝတ်မှုကြီးများနဲ့ ဆက်နွှယ်ရာကနေ ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးကိုပါ ခြိမ်းခြောက်လာတာဖြစ်ပါတယ်။
Mar 28, 2026
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ထိုနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 26, 2026
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မတ်လ ၂၇ ရက်သည် အရေးအကြီးဆုံးသော မှတ်တိုင်တစ်ခုဖြစ်သည်။
Mar 26, 2026
“နိုင်ငံတော်” ဟူသည့် စက်ယန္တရားကြီး သွက်လက်ထက်မြက်စွာ လှုပ်ရှားလည်ပတ်စေရန် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပါသည်။ နိုင်ငံတော်နှင့် ပြည်သူများစည်ပင်သာယာဖွံ့ဖြိုးရန်၊ နိုင်ငံတော်အဆင့်တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းရေးဆွဲထားသော စီမံကိန်း၊ လုပ်ငန်းစဉ်များကို အောင်မြင်ပြီးမြောက်စေရန် နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများ ရရှိစေရန် နိုင်ငံ့ဝန်ထမ်းများတွင် ပိုမိုတာဝန်ရှိပါသည်။
